
အခြေခံ + JLPT N5
ဂျပန်စာကို အခြေခံကစလေ့လာချင်သူတွေအတွက်က ဒီအတန်းလေးကစတက်ရပါမယ်။ အလုပ်တစ်ဖက်နဲ့မအားတဲ့သူတွေ၊မီးမမှန်လို့ Zoom အတန်းတက်ဖို့ အဆင်မပြေတဲ့သူတွေ၊ စာမြန်မြန်သွားချင်တဲ့သူတွေအတွက် တကယ်ထိထိရောက်ရောက်ဖြစ်မယ့်အတန်းပါ။ Telegram Private Groupမှာ Videoတွေ အခန်းအလိုက်တင်ထားပြီးသားဖြစ်လို့ သင်တန်းကြေးသွင်းပြီးတာနဲ့ စတက်လို့ရပါပြီ。
ရှင်းလင်းပြီး နားလည်ရလွယ်ကူတဲ့ သင်ကြားမှုပုံစံနဲ့ သင်ခန်းစာတစ်ခုချင်းစီသေချာရှင်းပြပေးထားတာဖြစ်လို့ နားမလည်မှာ စိတ်ပူစရာမရှိပါဘူး။ နားမလည်တာရှိရင်ဆရာမကို အချိန်မရွေးမေးလို့ရတယ်။Minna No Nihongo Textbookတစ်အုပ်လုံး နဲ့ Kanji တစ်အုပ်လုံးကိုအပြည့်အစုံ သင်ကြားပေးထားပါတယ်။ အိမ်စာထပ်ရပြီး အိမ်စာတွေကို ပုံမှန်စစ်ပေးတယ်။ စာရမရသိချင်တယ်၊စာမေးပွဲရှိမှ စာလုပ်တယ်ဆိုတဲ့သူအတွက်လည်း 7 ခန်းတစ်ခါ စာမေးပွဲစစ်ပေးပါတယ်။
Course ပြီးသွားရင်လည်း JLPT, NAT Test တွေဝင်ဖြေနိုင်ဖို Exam Practice Workbook နဲ့ Old Question 2 စုံကိုပါ လေ့ကျင့်သင်ကြားပေးထားတာဖြစ်လို့ စာမေးပွဲတွေဝင်ဖြေဖိုအဆင်သင့်ဖြစ်စေမှာပါ။
သင်တန်းကြေးကို Kpay, Wave, Bank Account များနဲ့ပေးသွင်းလို့ရပါတယ်။