Skip to content
သင်တန်းများ
JLPT N3

JLPT N3

အလုပ်တစ်ဖက်နဲ့မအားတဲ့သူတွေ၊မီးမမှန်လို့ Zoom အတန်းတက်ဖို့ အဆင်မပြေတဲ့သူတွေ၊ စာမြန်မြန်သွားချင်တဲ့သူတွေအတွက် တကယ်ထိထိရောက်ရောက်ဖြစ်မယ့်အတန်းပါ။ Telegram Private Groupမှာ Video Lessonတွေ Topicအလိုက်တင်ထားပြီးသားဖြစ်လို့ သင်တန်းကြေးသွင်းပြီးတာနဲ့ စတက်လို့ရပါပြီ。

သင်ကြားပေးမယ့်သင်ရိုး

Grammar- Somatome, Shinkanzen

Vocabulary- Tango 2000

Kanji- Somatome

Reading- Shinkanzen

Listening- Mimikara Oboeru

Course ပြီးသွားရင်လည်း JLPT, NAT Test တွေဝင်ဖြေနိုင်ဖို Goukaku Dekiru(Exam Practice Workbook) နဲ့ Old Question 8 စုံကိုပါ လေ့ကျင့်သင်ကြားပေးထားတာဖြစ်လို့ စာမေးပွဲတွေဝင်ဖြေဖိုအဆင်သင့်ဖြစ်စေမှာပါ။

အားသာချက်ကတော့ သင်ခန်းစာတွေ တင်ထားပြီးသားဖြစ်လို့ ကိုယ်စာလုပ်နိုင်ရင် လုပ်နိုင်သလောက်ရှေ့ရောက်မယ်၊ Self Study အားသာပေမယ့် လုပ်ရင်း မသိတာတွေရှာရင်းရှေ့မရောက်တဲ့သူတွေအတွက် ဘေးမှာ ဆရာမတစ်ယောက် ထိုင်ရှင်းပြနေသလို ရှင်းလင်းတဲ့ ဗီဒီယိုတွေနဲ့ လေ့လာနိုင်မယ်၊ နားမလည်တာ ရှိရင်ဆရာမကို မေးလို့ရတယ်၊ သင်တန်းကြေး သက်သာတယ်။ အားနည်းချက်ကတော့ ဗီဒီယိုအတန်းဖြစ်လို့ ကိုယ့်အသိစိတ်နဲ့ကိုယ် စာလုပ်ဖိုပျင်းတဲ့သူတွေကတော့ တက်လို့အဆင်မပြေပါဘူး။

သင်တန်းကြေးကို Kpay, Wave, Bank Account များနဲ့ပေးသွင်းလို့ရပါတယ်။