Skip to content
သင်တန်းများ
JLPT N1

JLPT N1

အလုပ်တစ်ဖက်နဲ့မအားတဲ့သူတွေ၊မီးမမှန်လို့ Zoom အတန်းတက်ဖို့ အဆင်မပြေတဲ့သူတွေ၊ စာမြန်မြန်သွားချင်တဲ့သူတွေအတွက် တကယ်ထိထိရောက်ရောက်ဖြစ်မယ့်အတန်းပါ။ Telegram Private Groupမှာ Video Lessonတွေ Topicအလိုက်တင်ထားပြီးသားဖြစ်လို့ သင်တန်းကြေးသွင်းပြီးတာနဲ့ စတက်လို့ရပါပြီ。

သင်ကြားမည့်သင်ရိုး

-Shinkanzen Goi +Tango 3000

-Shinkanzen Kanji

-Try Grammar

-Reading+Listening အတွက် သင်ရိုးစာအုပ်သီးသန့်မကိုင်တော့ဘဲ Old Question 8 စုံ ရှင်းပြပြီး လေ့ကျင့်ပေးပါမယ်。

အားသာချက်ကတော့ သင်ခန်းစာတွေ တင်ထားပြီးသားဖြစ်လို့ ကိုယ်စာလုပ်နိုင်ရင် လုပ်နိုင်သလောက်ရှေ့ရောက်မယ်၊ Self Study အားသာပေမယ့် လုပ်ရင်း မသိတာတွေရှာရင်းရှေ့မရောက်တဲ့သူတွေအတွက် ဘေးမှာ ဆရာမတစ်ယောက် ထိုင်ရှင်းပြနေသလို ရှင်းလင်းတဲ့ ဗီဒီယိုတွေနဲ့ လေ့လာနိုင်မယ်၊ နားမလည်တာ ရှိရင်ဆရာမကို မေးလိုရတယ်၊ သင်တန်းကြေး သက်သာတယ်။ အားနည်းချက်ကတော့ ဗီဒီယိုအတန်းဖြစ်လို့ ကိုယ့်အသိစိတ်နဲ့ကိုယ် စာလုပ်ဖို့ပျင်းတဲ့သူတွေကတော့ တက်လို့အဆင်မပြေပါဘူး။

သင်တန်းကြေးကို Kpay, Wave, Bank Account များနဲ့ပေးသွင်းလိုရပါတယ်။